Sunday, 6 May 2012

DAWEI DEEP SEAPORT & JAPAN


Monday, April 30, 2012

ထားဝယ်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံရေး ဂျပန် စိတ်ဝင်စား

2012-04-28

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေအပေါ် စိတ်ဝင်စားကြောင်း ဂျပန်နိုင်ငံက ဒီကနေ့ ပြောလိုက်ပါတယ်။https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyluaKYsIo9Mtd0GhdrtgC_kaV4QXH3FYwA0xnZzsAYxcb_t0_Tpn93GQ3C-B_fP0eXgSmuFpQwHGihcTlne30BtDRUYSbkQ7mbwOZ78jkAwrmeTP5gzZ1_TOv35Bz6E_fZqqXojziWDA/s320/dawei-project-305.jpg

ထိုင်း-မြန်မာ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ (MOU) အရ Italian– Thai Development ကုမ္ပဏီက တာဝန်ယူလုပ်ကိုင်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း။

ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို ၂၀၁၂ ခုနှစ်ကုန်ပိုင်းမှာ ရပ်ဆိုင်းတော့မှာ ဖြစ်ကြောင်း ITD ခေါ် အီတာလျံ ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ပရင်ချိုင်းက သောကြာနေ့က ပြောဆိုခဲ့ပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့် အနေနဲ့ ကုမ္ပဏီက ဒေါ်လာသန်းပေါင်း ,၅ဝဝ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ဇန်နဝါရီလပိုင်းက ပြောဆိုခဲ့ပေမဲ့ မဂ္ဂါဝပ် ၄,ဝဝဝ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေးအပေါ် ဒေသခံတွေက မလိုလားကြတဲ့အတွက် မြန်မာအစိုးရက ရုတ်တရက် ရပ်ဆိုင်းခဲ့ပါတယ်။

အဲဒါကြောင့် စီမံကိန်းရဲ့ ရှေ့အလားအလာအပေါ် ရင်နှီးမြှုပ်နှံသူတွေ စိတ်မချတော့ဘဲ သံသယ ၀င်လာကြတယ်လို့ ဆိုပါတယ်။ အီတာလျံ ထိုင်းကုမ္ပဏီအနေနဲ့ ပိုတက်နဲ့ အလူမီနီယမ် သတ္တုမိုင်းတွေ ရောင်းချပြီး ထားဝယ် ဆိပ်ကမ်းစီမံကိန်းအတွက် ထည့်ဝင်ခဲ့ရပါတယ်။

ဒါပေမဲ့ အခုလို ဂျပန်ဝင်လာတာဟာ နှစ်ရှည် ရင်းနှီးမြှုပ်နှံမှုတွေအတွက် အားပေးလိုက်သလိုဖြစ်လို့ ရှေ့အတွက် စိတ်မပူရတော့ပါဘူးလို့ အီတာလျံ ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လောကအလင်း လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဦးဇော်ဦး က- မြန်မာနိုင်ငံမှာ ဂျပန်လူမှုအဖွဲ့အစည်းတွေ ရှိနေပြီးဖြစ်လို့ သိတ်ပြီးတော့ ခက်ခဲမယ်တော့ မထင်ပါကြောင်း ဒါပေမဲ့ ဂျပန်တွေအနေနဲ့ မြန်မာနိုင်ငံ အစိုးရနဲ့ပဲ အလုပ်လုပ်တာမျိုး မဟုတ်ဘဲနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ပေါင်းလုပ်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ငွေကြေးထောက်ပံ့ ကူညီနိုင်ဖို့ ဂျပန်၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ ပါဝင်တဲ့ သုံးနိုင်ငံ ပူးတွဲအဖွဲ့အစည်းတစ်ရပ် ထူထောင်ထားမှာ ဖြစ်ကြောင်း အီတာလျံ-ထိုင်း ကုမ္ပဏီ ဥက္ကဋ္ဌ ပရီချိုင်းက ပြောပါတယ်။
http://www.rfa.org/burmese/news/dawei-project-japan-04282012220545.html


DAWEI DEEP SEAPORT & INDUSTRIAL ESTATE DEVELOPMENT PROJECT


Friday, April 27, 2012

ဒီသတင်းက တကယ်မှန်ရင် ကြိုဆိုရပါမည်။ တိုင်းပြည်မှာစစ်မှန်တဲ့ ငြိမ်းချမ်းရေးပေါ်ပေါက်ပြီး လွတ်လပ်တဲ့လူမှုအဖွဲ့ အစည်းတွေ လွတ်လပ်စွာလုပ်ရှားနိုင်ခွင့်ရှိပြီးတဲ့တနေ့ ကျမှသာ လုထုဆန္ဒသဘောခံယူပြီး ဒီလိုစီမံကိန်းကြီးမျိုးကို အကောင်အထည်ဖေါ်သင့်တယ်။

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဧပြီလ ၂၇ ရက် ၂၀၁၂ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ငွေကြေး ရင်းနှီးမြှုပ်နှံမှုများအား ၂၀၁၂ ခုနှစ်ကုန် တွင် ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း Italian-Thai Development Pcl က ပြောသည်။https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAemCQi7kQe_6IH3AAFwOD3gf99iy8J3CgIxfZbEzaMEn2HsUSVdK8EOO8RVKdjg5mlqI9hkhkHsG_y-j0zkp0TV817DYQcUMAo5dO6xEcPntWQpUa4ZBoRTrAj6-A8WAoKarG6vvl3Oc/s320/htwal.jpg

ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သည့် အဆိုပါ ITD ကုမ္ပဏီ၏ ဥက္ကဋ္ဌ Premchai Karnasuta က အစုရှယ်ယာဝင်များအား သောကြာနေ့က ပြောကြားလိုက်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတရပ်တွင် ပါရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်အနေဖြင့် ကုမ္ပဏီက ဒေါ်လာသန်းပေါင်း ၈,၅ဝဝ ရင်းနှီးမြှုပ်နှံ သွားမည်ဟု ဇန်နဝါရီလပိုင်းက ပြောဆိုခဲ့သော်လည်း မဂ္ဂါဝပ် ,ဝဝဝ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံအား မြန်မာအစိုးရက ရုတ်ချည်း ရပ်ဆိုင်းလိုက်သဖြင့် စီမံကိန်းအနာဂတ်အား သံသယဝင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေသခံများအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် မီဒီယာများမှ ကန့်ကွက်မှုများကြောင့် အဆိုပါ
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်တော့မည် မဟုတ်ကြောင်း အမှတ် ၂ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး က ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
htwal

ထားဝယ်စီမံကိန်းအတွက် အထူးအခွင့်အရေးများ ရရှိခဲ့သော ITD အနေဖြင့် သံမဏိစက်ရုံ တည်ဆောက်ရန်အတွက် ထားဝယ်တွင် မြေရောင်းစာချုပ်တခုကို ဇူလိုင်လမတိုင်မီ ချုပ်ဆိုရန် ပြင်ဆင်ထားကြောင်းလည်း ကုမ္ပဏီဥက္ကဋ္ဌ Premchai က ရှယ်ယာဝင်များ အစည်းအဝေးတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

ထားဝယ်စီမံကိန်းတွင် လျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ ရေနံဓာတု စက်ရုံ၊ ရေနံချက် စက်ရုံအပြင် သံမဏိ စက်ရုံတို့လည်း ပါဝင်မည် ဖြစ်သည်။

စီမံကိန်းမှာ တနင်္သာရီတိုင်း သာဂရမြို့ဟောင်းအနီး တည်ရှိကာ ထားဝယ်မြို့ အနောက်မြောက်ဘက် မိုင် ၂ဝ ခန့် အကွာရှိ ရေဖြူမြို့နယ် နဖူးလယ် ကျေးရွာအနီးတွင် ရှိပြီး နအဖ အစိုးရလက်ထက် ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ Italian-Thai Development Public Co.,Ltd နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် ၇၅ နှစ် လုပ်ငန်း လုပ်ဆောင်ခွင့်သဘောတူစာချုပ်
 ချုပ်ဆိုထားခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/news/regional/9269-2012-04-27-10-39-02.html

Sunday, 18 March 2012

Thaksin Shinawatra Way back into Dawei (Tavoy) DEEP SEAPORT INDUSTRIAL ESTATE DEVELOPMENT PROJECT

 
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထားဝယ်စီမံကိန်းသို့လာရောက်
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် ထားဝယ်စီမံကိန်းသို့လာရောက် – Thai ex PM visited Burma
Yangon Press International


မတ်လ ၁၇၊ ၂၀၁၂

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန်စီမံကိန်းသို့ သွားရောက်ကြည့်ရှုပြီး အီတာလျှံထိုင်း ကုမ္ပဏီသင်္ဘောပေါ်တွင် တစ်ည အိပ်ခဲ့ကြောင်း စီမံကိန်းဝန်ထမ်းတဦးက ပြောသည်။

ထားဝယ်သို့ ကိုယ်ပိုင် သီးသန့်လေယာဉ်ဖြင့် လာရောက်သည့် သက်ဆင်သည် မတ်လ ၁၄ ရက် နေ့ မနက်ပိုင်းတွင် ထားဝယ်မှ ပြန်လည် ထွက်ခွာသွားကြောင်းလည်း ၎င်းဝန်ထမ်းက ဖြည့်စွက်ပြောဆိုသည်။


သက်ဆင်လာတယ်။ သင်္ဘောပေါ်တစ်ညအိပ်ပြီး ပြန်သွားတယ်။ ဒီတစ်ခါက ဒုတိယအခေါက်ပေါ့။ သူနဲ့ အတူ နောက်ထပ် လူကြီးနှစ်ယောက်ပါသေးတယ်။ ဘယ်သူလဲတော့ မသိဘူး ဟု မျက်မြင်တွေ့လိုက်ရသည့် စီမံကိန်း ၀န်ထမ်း ကပြောသည်။
ယခုခရီးစဉ်သည် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ ထားဝယ်ရေနက်ဆိပ်ကမ်းသို့ ဒုတိယမြောက်ခရီးစဉ်ဖြစ်ပြီး ယမန်နှစ် ဒီဇင်ဘာလ အတွင်းကလည်း တစ်ကြိမ်လာရောက်ခဲ့ဖူးသည်။

၁၃ ရက်နေ့မနက်ပိုင်းက ရောက်ရှိလာသော ထိုင်းဝန်ကြီးချုပ်ဟောင်း စီးနင်းလာသည့် ကိုယ်ပိုင်သီးသန့် လေယဉ်မှာ ထားဝယ် လေဆိပ်တွင် ညအိပ်ရပ်နားကာ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းတွင် ထားဝယ်လေဆိပ်မှ ကမ္ဘောဒီးယားသို့ ထွက်ခွာသွားသည်ဟု ထားဝယ်လေဆိပ်မှ ၀န်ထမ်းတစ်ဦးကလည်း သက်ဆင်၏ ခရီးစဉ်ကို အတည်ပြုပြောကြားသည်။

သူလာတော့ ကျနော်တို့ဘက်က လုံခြုံရေးတာဝန်ယူပေးရတာပေါ့။ မကောင်းပါဘူးဗျာ။ သူများနိုင်ငံက ၀ရမ်းပြေးကို သွားစောင့်ပေး နေရတာ ဟု ယခင်တစ်ခေါက်ခရီးစဉ်နှင့် ပက်သက်၍ အစိုးရလုံခြုံရေးဆိုင်ရာ အရာရှိတစ်ဦးက ဆိုသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း၏ စကားပြန်မှာ စီမံကိန်းဧရိယာသို့ လိုက်ပါမသွားဘဲ ထားဝယ်တွင်ပင် ကျန်ခဲ့ကာ လေယဉ်မောင်း နှစ်ဦးနှင့် လေယဉ်မယ်တို့မှာလည်း ထားဝယ် Golden Guest ဟိုတယ်တွင် တည်းခိုသွားကြောင်း ထားဝယ်မြို့မှ စီးပွားရေးသမားတစ်ဦး ကပြောကြားသည်။

သူ့အနေနဲ့ ဒီထားဝယ်ရေနက်ဆိပ်ကမ်းမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ပက်သက်နေတယ်ဆိုတာ သတိထားဖို့ လိုအပ်တယ်။ အခု လာတာကလည်း ခိုးကြောင်ခိုးဝှက်နဲ့ လူမသိသူမသိ လာတာလေ။ သူ့လိုလူတစ်ယောက်က လူသိရှင်ကြား လာရမှာပေါ့ ဟု သက်ဆင်၏ ခရီးစဉ်နှင့် ပက်သက်၍ ထားဝယ်စီမံကိန်းအကြောင်း စိတ်ဝင်စားသူဒေသခံတစ်ဦးက ဆိုသည်။

ထိုင်းဆက်သွယ်ရေးကုမ္ပဏီ Advanced Info Service ကိုတည်ထောင်ပြီး သန်းကြွယ်သူဌေးဖြစ်လာသူ သက်ဆင်မှာ ၂၀၀၁မှစ၍ ထိုင်းဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယသက်တမ်းအတွင်း ၂၀၀၆ ခုနှစ်တွင် နိုင်ငံခြားသို့ရောက်ရှိနေစဉ် စစ်တပ်မှ အာဏာသိမ်း ခြင်းခံရသည်။

ငွေကြေးအလွဲသုံးစားမှုများဖြင့် ၂၀၀၈ ခုနှစ် အတွင်းက မျက်ကွယ်ထောင်ဒဏ် (၂) နှစ်ချမှတ်ခံရခြင်းသူ သက်ဆင်၏ သမာရိုးကျ မဟုတ်သော ပိုင်ဆိုင်မှုဖြစ်သော ဘတ်ငွေ ၄၆ ဘီလျံအား တရားရုံးအမိန့်ဖြင့် ၂၀၁၀ခုနှစ်တွင် သိမ်းဆည်းခဲ့သည်။

အခြေခံ အဆောက်အအုံစီမံကိန်းများ အကြီးအကျယ်အကောင်အထည်ဖော်ခဲ့သော ထိုင်းဝန်ကြီးချုပ်သက်ဆင် လက်ထက်က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်စီမံကိန်းတွင် ယခုထားဝယ်စီမံကိန်း အကောင်အထည်ဖော်သည့် အီတာလျံထိုင်းကုမ္ပဏီ က အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ။

ထိုင်းအခြေစိုက် အင်အားကြီး ဆောက်လုပ်ရေးကုမ္ပဏီ အီတာလျှံထိုင်းမှ တည်ဆောာက် အကောင်အထည်ဖော်နေသော (၅၈) ဘီလျံ ခန့် ရင်းနှီးမြုပ်နှံမှုမည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ပိုင် MAX Myanmay ကုမ္ပဏီက လည်း ရှယ်ယာ (၂၅) ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။

အရှေ့တောင်အာရှတွင် အကြီးဆုံး ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း ဖြစ်လာမည်ဖြစ်သည့် ထားဝယ် စီမံကိန်းသည် ထိုင်းနိုင်ငံအား ဒေသတွင်း ကုန်သွယ်ရေးဗဟိုဖြစ်စေရန်ဟု အီတာလျံ ထိုင်းကုမ္ပဏီထုတ် စိတ်ကူးပုံရိပ် အစီအစဉ် (Conceptual Plan) တွင် ဖော်ပြထားသည်။ ။


မူရင်း – Yangon Press International – http://www.facebook.com/ygnpress